ရွှေတောင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ညောင်ဝိုင်းကျေးရွာတွင်စာသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ အခြေခံပညာမူလ တန်ကျောင်းသို့ (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်ဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စားသုံးသူအသိပညာပေးဟောပြောပွဲတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၁၀၁ ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ယဉ်ယဉ်ဆင့်(ဒု-ဦးစီးမှူး)မှ စားသုံးသူများတွင် အခွင့်အရေး ရှိကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအားလည်း ကုန်အညွှန်းအမှတ်အသား(၈)ချက်ပြည့်စုံစွာပါရှိရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ယခုအခါ ဈေးကွက်တွင်လည်းကုန်အညွှန်းများပြည့်စုံစွာပါရှိလာပြီဖြစ်ကြောင်း၊ အစားအစာများ ဝယ်ယူ စားသုံးလျှင် သတိပြု၍ဝယ်ယူစားသုံးတက်စေရန် နှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်း တိုင်ကြားရန် နည်းလမ်းများကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ထိုအပြင် ပြည်သူဆက်ဆံရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန မှ ပုံပြင်များပြောခြင်း ပိုစတာဖြင့် ပြသ၍ရှင်းလင်းဆွေးနွေးခြင်း နှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနမှ သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးများကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝံ့ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲအား နံနက်(၁၁:၀၀) နာရီအချိန်အထိ ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)