![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/208_7.jpg?itok=pSxHFZ7M)
ပြည်မြို့ရှိဈေးကွက်များတွင် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလတွင် သင်္ဘောသီး အစိမ်းသီးများရှားလာသဖြင့် ဈေးနှုန်းများလည်းမြင့်တက်လာခဲ့ပါသည်။ သင်္ဘောသီးအစိမ်းများကို သင်္ဘောသီးသုပ်သမားများကဝယ်ယူခြင်းရှိ၍ ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်က ပြည်မြို့၏ဈေးကွက်များတွင်ရောင်းချခဲ့သော သင်္ဘောသီးအစိမ်းဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခုနှစ်တွင် သင်္ဘောသီး အစိမ်းအကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀-၁၂၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့ လာရောက်ရောင်းချလျှက်ရှိသော သင်္ဘောသီးများ ကို ရွှေဘုံသာ ရွာဘက်မှ လာရောက်ရောင်းချသလို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြောင်းသိရပါသည်။ သင်္ဘောသီးအစိမ်းဈေးနှုန်းများကို ယခင်နှစ်ဈေးနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်မှာ အလုံးကြီးတစ်လုံးလျှင် ၅၀၀ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် ၅၀၀-၆၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)