
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆိုင်များတွင် ဆေးဝါးရောင်းချမှု စနစ်တကျရှိစေရန်နှင့် ဆေးဈေးနှုန်းများမြင့် တက်မှုမရှိစေရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာဝန်ကြီးဦးဆောင်လျက် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်သာယာရေး၊စားသုံးသူရေးရာဦးစီးဌာန တိုင်းရင်းဆေးဝါးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၁.၂.၂၀၂၅) ရက်နေ့နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဝါးရောင်းချသည့် ဆိုင်များတွင်သက်တန်းလွန်ဆေးဝါးများ ရောနှောရောင်းချခြင်းမပြုကြရန် စပ်ဆေးတွဲများ လုံးဝရောင်းချခြင်းမပြုကြရန် ဆေးဝါးများတွင် မြန်မာစာအညွှန်းများ ပါဝင်မှသာရောင်းချရန်နှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှုမျိုး မပြုကြရန်မြို့နယ် ဆရာဝန်ကြီးမှမှာကြားပြီး ဆေးဆိုင်များမှ သိရှိကြောင်းလက်မှတ်ထိုးကြပါသည်။
ဆေးဆိုင်များမှပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချကြပြီးဆေးဝါးပြတ်လပ်မှုမရှိကြောင်း စပ်ဆေးများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။
DOCA(ပဲခူး)