
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၁.၂.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)