ပြည်အာလူးပုံမှန် အရောင်းအဝယ်ဖြစ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ယခင်ရှမ်းအာလူးနှင့် တရုတ်အာလူးဈေးနှုန်း ကွာခြားမှုရှိသော်လည်း ယခုတစ်ပတ်တွင်  ဈေးနှုန်းကွာဟမှုမရှိသည်ကို တွေ့ရှိရပြီး အရည်အသွေးနှင့် ဆိုဒ်အကြီး အသေး ပေါ်မူတည်၍ ဈေးပြောင်းလဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် အာလူးလက်ကား (ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၁၀၀၊ လက်လီဈေး ကျပ် ၂၂၀၀-၂၈၀၀ ဈေးရှိကြောင်း သိရှိရပြီး မေလပထမပတ် ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာကို ကျပ် ၃၀၀-၄၀၀ ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)