
စလင်းမြို့(xxx)လမ်းနေ ဒေါ်(xxx)သည် (၁၀.၁.၂၀၂၅)ရက်နေ့တွင် MBB Myanmar Broad Band(B2B Company) Facebook Page ၏ Chat Box မှတဆင့် B2B 1month Unlimited Free အားဝယ်ယူခဲ့ရာ ၎င်းကုမ္ပဏ္ဏီမှ ဖုန်းနံပါတ်၊ အမည်၊ လိပ်စာ၊ မှတ်ပုံတင်အမှတ်တို့အား တောင်းခံခဲ့ပြီး B2B Register ပြုလုပ် ရမည်ဖြစ်ပါ၍ K Pay No.(xxx)ထံသို့ ငွေကျပ်(၁၈၀၀၀)အား ပေးပို့စေခဲ့ပါသည်။ ကုမဏ္ဏီမှ (၂၄)နာရီ အတွင်း SMS ရောက်ရှိလာပါက စတင်အသုံးပြု၍ရပြီဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း (၁၀.၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄း၀၇)မိနစ်အချိန်တွင် ထပ်မံ၍ မှတ်ပုံတင်နံပတ် တောင်းခံခဲ့ပါသည်။ ထို့နောက် AnyDesk Remote Desktop Software အား Download ၍ Accept နှင့် Start Now Click လုပ်ခိုင်းပြီး Link တစ်ခုထဲသို့ ဝင်ရောက်၍ Google Form ဖြည့်ခိုင်းခဲ့ရာတွင် ဖုန်းမှ ဒေတာအချက်အလက်များအား Share သည့်ပုံစံမျိုးဖြစ်နေ၍ Page Chat Box သို့မေးမြန်းရာ၌ ပြန်လည်ဖြေကြားခြင်းမရှိဘဲ မိမိ အကောင့်အား ဘလော့သွားသောကြောင့် ထိုကဲ့သို့သော လိမ်လည်မှု ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် (၁၃.၁.၂၀၂၅)ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဌာနမှ တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှု ရှိ/ မရှိ စိစစ်ခဲ့ပြီး (၁၃.၁.၂၀၂၅)ရက်နေ့တွင် Myanmar Broad Band (MBB) B2B Company ၏ Email လိပ်စာ သို့ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းပေးနိုင်ပါရန် အကြောင်းကြားစာပေးပို့ခဲ့ရာ mail လိပ်စာမှာ မှန်ကန်မှုမရှိပါ၍ ဆက်သွယ်၍ မရရှိခဲ့မှုအပေါ် ၎င်းကုမ္ပဏ္ဏီ မြေပြင်တွင် အမှန်တစ်ကယ်ရှိ/မရှိ စုံစမ်းစစ် ဆေးပေးနိုင်ပါရန်နှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနသို့ ညှိနှိုင်းအကြောင်းကြားစာပေးပို့ခဲ့ရာ (၂၀.၁.၂၀၂၅)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ မှုအရ မြေပြင်တွင်မရှိကြောင်းနှင့် ၎င်းနေရာရှိ အနှေးယာဉ်မောင်းသည့် လုပ်သားတစ်ဦးအား မေးမြန်းခဲ့ရာ Myanmar Broad Band (MBB) B2B Company ဟုမရှိကြောင်းနှင့် မကြားဖူးကြောင်း၊ မိမိထံသို့လည်း Myanmar Broad Band (MBB) B2B Company နှင့်ပတ်သက်၍ လာရောက်စုံစမ်းသူ များလည်းရှိသည် ဟု ပြောကြားလာကြောင်း အကြောင်းပြန်ကြားလာပါသည်။
(၂၁.၁.၂၀၂၅)ရက်နေ့တွင် တိုင်ကြားသူထံသို့ဆက်သွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်ကြားစာပါ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသည့် လိပ်စာသို့ မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် မတွေ့ရှိရသဖြင့် အမှုအားပိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းမှတ်ပုံတင် လက်မှတ်မရှိပါက အွန်လိုင်းမှတစ်ဆင့် ဝယ်ယူအသုံးမပြုသင့်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှလည်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက် မှတ် စိစစ်ထုတ်ပေးလျက်ရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နောက်နောင် အွန်လိုင်း စနစ်ဖြင့်ဝယ်ယူအသုံးပြုမည်ဆိုပါက မှတ်ပုံတင်လက်မှတ်ရရှိပြီးသော လုပ်ငန်းရှင်များမှတစ်ဆင့်သာ ဝယ်ယူအသုံးပြုသင့်ကြောင်း သတိပြုဆင်ခြင်ဖွယ်တို့ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနအနေဖြင့် လည်း စားသုံးသူများသို့ Talk Show အပါအဝင် အသိပညာပေးဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ရာ တွင် အလားတူ Online မှ လိမ်လည်ခြင်းမရှိစေရေး ထည့်သွင်းဆွေးနွေးဟောပြောလျက်ရှိပါကြောင်း ဆွေးနွေးခဲ့ရာ တိုင်ကြားသူမှလည်း စိတ်ကျေနပ်မှုရရှိသဖြင့် အမှုအား ပိတ်သိမ်းနိုင်ခဲ့ပါသည်။
DOCA(မကွေး)