အောင်လံမြို့(xxx)ရပ်ကွက်နေ၊ ဦး(xxx)သည် (၁၈.၁၂.၂၀၂၄)ရက်နေ့တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို (xxx)မှ (xxx)မြို့သို့ ဝန်ဆောင်ခပေး၍ ပို့ဆောင်စေခဲ့ရာ ရောက်ရှိလာခြင်း မရှိသည့်အတွက် ဂိတ်သို့ပြောကြားရာတွင် တာဝန်ယူမှု/တာဝန်ခံမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ (၈.၁.၂၀၂၅)ရက်နေ့တွင် လာရောက်တိုင်ကြားလာပါသည်။
ဌာနစစ်ဆေးရေးအရာရှိမှ တိုင်ကြားလာမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူနစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး မကွေးမြို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိက လုပ်ငန်းသုံးမော် တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီတို့ ပါဝင်သောအဖွဲ့ဖြင့် (၁၀.၁.၂၀၂၅)ရက်နေ့တွင် တစ်ကြိမ်၊ (၁၇.၁.၂၀၂၅)ရက်နေ့တွင် တစ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ရာ တိုင်ကြားခံရသည့် ဂိတ်တာဝန်ခံမှ ငွေကျပ်(၈) သိန်းအား ပေးလျော်သွားမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ချက်ချင်းပေးလျော်နိုင်ခြင်း မရှိသည့်အတွက် တစ်လခန့်စောင့်ဆိုင်းပေးရန် တောင်းဆိုလာသဖြင့် တိုင်ကြားသူနှင့် ဆက်သွယ်ညှိနှိုင်း ပေးခဲ့ရာ သဘောတူညီမှုရရှိ၍ (၁၇.၂.၂၀၂၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့် သက်ဆိုင်ရာဌာနများရှေ့မှောက်တွင် ငွေကျပ်(၈)သိန်းအား ပေးလျော် သွားမည်ဖြစ်ပြီး အဆိုပါယာဉ်လိုင်းအားလည်း နောက်နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရေး ခံဝန် ကတိလက်မှတ်ရေးထိုးစေလျက် အမှုအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
DOCA(မကွေး)