![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/10_91.jpg?itok=-Ql_btNL)
တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်မြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရွှေဖရုံသီးများ တနိုင်တပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိလာသော ရွှေဖရုံသီးများကို ထားဝယ်မြို့ ပေါ်ဈေးများကိုယ်တိုင်ရောင်းချခြင်း (သို့) တစ်ဆင့် ပြန်လည်ရောင်းချသူများအား ဖောက်သည် ပေး၍လည်း ရောင်းချကြသည်။ထားဝယ်မြို့မေတ္တာကမ္ဘာအေးဈေးတွင် ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းများမှာ ရွှေဖရုံသီးအလုံးကြီး လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ရွှေဖရုံသီးအလုံးသေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှုန်းနှင့် ရွှေဖရုံသီး အလုံးကြီး လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀၊၃၅၀၀)ကျပ်၊ရွှေဖရုံသီးအလုံးသေး တစ်ပိဿာလျှင် (၂၀၀၀၊၃၀၀၀) ကျပ် နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
DOCA(တနင်္သာရီ)