ပေါ်ဦးပေါ်ဖျားဒန့်သလွန်သီးဈေးကောင်းရ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းတွင် ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုး ရောင်းချလျက်ရှိပြီး  ဒန့်သလွန်သီးသီးနှံကို နေအိမ်ခြံဝန်းအတွင်း  တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြပါ သည်။ 

ဒန့်သလွန်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပွင့်၊ အသီး၊ အရွက် အားလုံးကိုစား သောက်ရန်နှင့် ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ ဒန့်သလွန်ပင်၏အမြင့်မှာ ၁၀တောင်မှ ၁၆တောင် အမြင့်ရှိပြီး အရွယ်ရောက်ပြီး အပင်တစ်ပင်လျှင် အတောင့်အရေအတွက် (၁၀၀)မှ (၂၀၀)ကြားထွက် ရှိကြောင်း သိရပါသည်။

ဒီဇင်ဘာလတွင် ဒန့်သလွန်သီးများ စတင်ထွက်ရှိပြီး ထားဝယ်မြို့ဈေးကွက်အတွင်း ပေါ်ဦးစဒန့်သလွန်သီး တစ်တောင့်လျှင်အတောင့် အရွယ်အစားကိုလိုက်၍ (၂၀၀ ကျပ်မှ ၄၀၀ ကျပ်)နှုန်းဖြင့်ရောင်းချနေ  ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)