ထားဝယ်ဒေသထွက်ပုဇွန်ငါးပိခေါ်မျှင်ငါးပိ

Powered by Drupal

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ် ပေသည်။ ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍ နှစ်မျိုးရှိပါသည်။ ထားဝယ် ဒေသတွင် မျှင်ငါးပိကို စိမ်းစားငါးပိဟု လည်းခေါ်သည်။ မျှင်ငါးပိကို မျှင်ကောင်(ပုဇွန်ငယ်တစ်မျိုးဖြင့်) ပြုလုပ်ရ၍ မျှင်ငါးပိဟု ခေါ်ဆိုကြသည်။ မျှင်ငါးပိ (ပုဇွန်ငါးပိ)၏ အခြေခံကုန်ကြမ်းမှာ စက်တင်ဘာ လမှ ဒီဇင်ဘာလအတွင်း ကမ်းခြေအနီးတွင် ဝင်ရောက်ကျက်စားလေ့ရှိသော မျှင်ကောင်လေးများ ဖြစ်ပါသည်။ မျှင်ကောင်မှရသောဥကို “ဂွေးဥ”ဟုလည်းခေါ်ကြပါသည်။ မျှင်ကောင် လေးများမှာ အကောင်ရေသိန်းသန်းချီပြီး ကမ်းခြေအနီးရေ တိမ်ပိုင်းတွင် အုပ်စုဖွဲ့နေထိုင်လေ့ရှိကြပါသည်။

ထားဝယ်ဒေသထွက် ထားဝယ်ငါးပိထောင်း၊ ငါးပိသုပ်မှာ နာမည်ကျော်လှပါသည်။ ငါးပိ ထောင်း ၊ ငါးပိသုပ် မှာ ဆီမလိုသောကြောင့် ကျန်းမာရေးလည်းညီညွတ်၊ ချွေတာရာလည်း ရောက်ကာ စွဲမက်ဖွယ်အရသာလည်းရှိ၍ လူအများလည်း နှစ်ခြိုက်ကြပါသည်။ ငါး၊ပုဇွန်တို့ဖြင့် ပြုလုပ်ထားသော ငါးပိကို မြန်မာလူ မျိုးများမှာ ငါးပိသုပ်၊ ငါးပိ ကြော်၊ ငါးပိချက်၊ ငါးပိထောင်း၊ ငါးပိရည်ကျိုပြုလုပ်၍ အတို့အမြှုပ်ဖြင့် စားသုံးရ သည်ကို နှစ်သက်ကြပါသည်။ မြန်မာ့ထမင်းဝိုင်းတွင် ငါးပိသည်မပါမဖြစ် အရေးပါသော ရေထွက်ထုတ်ကုန်တစ်ခုဖြစ်ကာ ထားဝယ်မြို့တွင် ငါးပိတစ်ပိဿာ (၁၂၀၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)