
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိဈေးတွင် ကြက်ဟင်းခါးသီးများကို ရောင်းချလျက်ရှိရာ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၃၅၀ဝိ)ကျပ်မှ(၄၀၀ဝိ)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်းတွေ့ရှိပါသည်။ ကြက်ဟင်းခါးသီးကို အလုံးလိုက်လည်းရောင်းသလို၊ လှီးပြီးသားများ ကိုလည်း ရောင်းချရကြောင်းသိရှိရပါသည်။
ကြက်ဟင်းခါးသီးသည် မြေဆီလွှာအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော နွယ်ပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မိသားစု စားသုံးရန်အတွက်သော် လည်းကောင်း၊ ရောင်းချရန်အတွက်သော်လည်းကောင်း မိမိခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြ ပြီး ကြက်ဟင်းခါးသီးပင်ကို စတင်စိုက်ပျိုးပြီး(၃)လခန့်တွင် အသီးများကို စတင်ခူးဆွတ်ကြောင်း သရှိရပါသည်။
DOCA(ရှမ်း)