![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/247_0.png?itok=xuNrw8O-)
၂၀၂၄-၂၀၂၅ ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှစတင်၍ လည်ပတ်ကြိတ်ဝါးနေပြီဖြစ်ပါသည်။ ကြိတ်ဝါးကာလမှာ (၃)လခန့်ကြာမြင့်မည်ဖြစ်ပြီးနဝဒေး သကြားစက်အနေဖြင့် ကြံတန် ၂၃၀၀၀၀ခန့်နှင့် အင်ငါးခွသကြားစက်အနေဖြင့် ကြံတန် ၁၃၀၀၀၀ခန့် ကြိတ်ဝါးရန်လျာထားပါကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ လကုန်အထိ နဝဒေးသကြားစက်မှာ ကြံတန်ချိန် ၂၁၁၁၉၂.၇၂ ကြိတ်ဝါးပြီး သကြားတန်ချိန် ၂၂၃၄၉.၃၅ နှင့် အင်ငါးခွသကြားစက်မှာ ကြံတန်ချိန် ၈၇၁၀၆.၂၅ ကြိတ်ဝါးပြီး သကြားတန်ချိန် ၈၀၇၂.၈၀ထွက်ရှိသဖြင့် ပြည်ခရိုင်ရှိ သကြားစက်(၂)စက်အနေဖြင့် စုစုပေါင်းကြံတန်ချိန်မှာ ၂၉၈၂၉၈.၉၇ကြိတ်ခွဲပြီး သကြား ၃၀၄၂၂.၁၅တန်ချိန်ထွက်ရှိပါကြောင်း သိရှိရပါသည်။
သကြားစက်များအနေဖြင့် ကြံစိုက်တောင်သူများထံမှ ယခင်နှစ်ကစက်အရောက်ဈေးဖြင့် ကြံတစ်တန်လျှင် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးပေးဝယ်ယူခဲ့ပြီး ယခုနှစ်မှာတော့ စက်အရောက်ဈေး ၁၈၀၀၀၀ကျပ်ဖြင့် ဈေးကောင်းပေးဝယ်ယူကြိတ်ခွဲလျှက်ရှိနေပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)