အရောင်းသွက်သည့်ခါကြက်ဥ

Powered by Drupal

          မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းသီးနှံများ ဖေဖော်ဝါရီလဒုတိယပတ်အတွင်းဝင်ရောက်မှုများ ပြား လျက်ရှိပါတယ်။     ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုး နှင့်ထိုင်ဝမ်မျိုးနှစ်မျိုးတွေ့ရှိရပြီး တစ်နှစ်ပတ်လုံးဝင်ရောက်သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါတယ်။   မုန်လာဥနီကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင်ရှိပြီး၊  ကယ်လိုရီပါဝင်မှုနည်း ခြင်း၊ ဗီတာမင်နှင့်သတ္ထုဓာတ် များစွာပါရှိသည့်အတွက်  ခါကြက်ဥစားသုံးခြင်းဖြင့် အသားအရေလှပ စေခြင်း၊ သွားနှင့် သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့ အား ကောင်းစေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့်  ကျန်းမာရေးအကျိုးကျေးဇူးများ စွာ ရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။  ခါကြက်ဥ(ခေါ်)မုန်လာဥနီကို  အသုပ်၊ အပြုတ်၊ အကြော်၊အလှော်၊ အကင်၊စွပ်ပြုတ်၊ဆန်ပြုတ်၊ပူရီ၊ ထမင်းလိပ်၊ကင်မ်ချီ၊တော့ပိုကီ၊ ဘီစကစ်၊စပါဂ်တီခေါက်ဆွဲ၊ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုး  စားသောက်ကြကြောင်း သိရပါတယ်။   မန္တလေးကုန်စိမ်းစျေးကွက်တွင်  ၂၀၂၅  ခုနှစ်ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းတစ်ပိဿာလျှင်  လက္ကားဈေးခါကြက်ဥ (ဒေသမျိုး) ၁၈၀၀ ကျပ် နှင့် ၂၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊ လက်လီဈေးဒေသမျိုး ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ထိုင်ဝမ် မျိုး  ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ် အတွင်းကုန်စိမ်းဝင်ရောက်မှုများပြီး၊ကုန်စိမ်းစျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ ကုန်စိမ်းစျေးကွက်အတွင်း ခါကြက်ဥမှာ အရောင်းသွက်သည့်ကုန်စည်ဖြစ်ကြောင်း  ကုန်စိမ်းရောင်း ချသူ တစ်ဦးထံမှ သိရပါတယ်။မန္တလေးမြို့၊သီရိမာလာကုန်စိမ်းစျေးအတွင်း ခါကြက်ဥ(ခေါ်)မုန်လာဥ နီသီးနှံဝင်ရောက်မှုအနေဖြင့်  တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီးနှင့် ၂၀စီး အကြား ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။  

DOCA(မန္တလေး)