မြေပဲသီးနှံစျေးကွက်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထွက်ရှိသည့်တိုင်းတစ်ခုဖြစ် ပြီး၊သီးနှံကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။မြေပဲသီးနှံမှာ ဆီကြိတ်ခွဲရာတွင် အဓိကသုံးစွဲခြင်းနှင့့် ပုံစံအမျိုးမျိုး ဖြင့်စားသုံးကြပြီး၊ မြေပဲတောင့်၊ မြေပဲဆန်၊ မြေပဲအစိမ်း၊ မြေပဲလှော်၊ မြေပဲပြုတ်၊ မြေပဲကြော်၊ မြေပဲနှင့်တွဲဖက်သည့်သရေစာမုန့်အမျိုးမျိုးတို့တွင် သုံးစွဲကြောင်းသိရပါတယ်။မြေပဲသီးနှံမှာ ပရိုတင်း ဓာတ်များစွာပါဝင်ပြီး၊ဆေးဖက်ဝင်ကြောင်းသိရပါတယ်။ ဆီထွက်သီးနှံများ ပိုမိုထွက်ရှိနိုင်ရန်အတွက် မြေပဲ၊နှမ်းနှင့်နေကြာသီးနှံတို့အား ဆီထွက်သီးနှံအထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ပန်းတိုင် အထွက်နှုန်းရရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများ ကြိတ်ခွဲသည့်စားသုံးဆီများဖြင့် ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်၊စားဆီများတင်သွင်းမှုလျော့ချ နိုင်ရန် အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး စားဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများတိုးတက် ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရပါတယ်။ဒေသအသီးသီးမှထွက်ရှိသည့်ပဲ၊ပြောင်း၊ နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့် မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာ လျှင်  S1 လုံးဆန်(ညာ) ၈၅၀၀ ကျပ်နှင့် ၈၆၀၀ ကျပ်၊ S1 လုံးဆန်(မြင်းမူ) ၉၅၀၀ကျပ်နှင့် ၉၇၀၀ ကျပ်၊ S1 ဆီဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ M တွဲလုံးဆန်(ကုန်းဆန်) ၉၁၅၀ ကျပ်နှင့် ၉၂၀၀ ကျပ်၊ Mတွဲလုံးဆန်(ညာ-စက)၈၂၀၀ ကျပ်နှင့် ၈၆၀၀ ကျပ်၊ အနီလုံးဆန်(ဝိုင်း) ၈၂၀၀ကျပ်နှင့် ၈၃၀၀ကျပ်၊အနီလုံးဆန်(ရှည်) ၇၇၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ပြန့်လုံးဆန် ၉၀၀၀ ကျပ်၊ ပြန့်ဆီဆန် ၈၅၀၀ ကျပ်နှင့် ၈၈၀၀ ကျပ်နှင့်ပဲဖတ်စျေးမှာ ၆၄၀၀ ကျပ်နှင့် ၆၄၅၀ ကျပ်အသီးသီးဖြစ်ပေါ်လျက် ရှိပြီး၊စျေးနှုန်းအနေဖြင့်ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်းသိရပါတယ်။ မြေပဲသီးနှံမှာ စားသုံးဆီကြိတ်ခွဲခြင်းနှင့်စားသောက်ကုန်အမျိုးမျိုးတို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်း စျေးကွက်လိုအပ်ချက်များပြီး၊ပြည်ပတင်ပို့သည့်စျေးကွက်ဝင်ဆီထွက်သီးနှံဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)