
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီးဖြစ်ပြီး ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံသီးနှံ များအနက် ကုလားပဲသီးနှံကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သာစည်မြို့နယ်၌ (၇၆၄၉) ဧက စိုက်ပျိုးခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရပါသည်။
ကုလားပဲသီးနှံများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများ တွင် စတင်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကုလားပဲ(ဝါ) နှင့် ကုလားပဲ(ဖြူ) မျိုးများကို ကြဲပတ်စနစ်ဖြင့်သော်လည်းကောင်း၊ အတန်းလိုက်စနစ်ဖြင့်သော်လည်းကောင်း စိုက်ပျိုးကြသည်။ တောင်သူများအနေဖြင့် သဘာဝမြေဩဇာ၊ နွားချေးကိုအသုံးများပြီး သွင်းအားစုအနည်းငယ်သာ အသုံးပြုကြောင်း၊ မျိုး၊ သွင်းအားစု၊ ထယ်ထွန်ခနှင့် လုပ်သားခအပါအဝင် စုစုပေါင်း တစ်ဧက ကုန်ကျ စရိတ် ကျပ် (၃၀၀၀၀၀) ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၇/၈) တင်းခန့် ထွက်ရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် ကုလားပဲတစ်တင်းလျှင် (၇၀၀၀၀) ကျပ်ခန့်ရှိပြီး ရိတ်သိမ်းပြီး ကုလားပဲ များကို မိတ္ထီလာပွဲရုံများသို့ တိုက်ရိုက်ရောင်း ချကြကြောင်း တောင်သူများထံမှ သိရပါသည်။
DOCA(မန္တလေး)