![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30_4.png?itok=nTaccaLY)
အညာဒေသတွင်ညောင်ချဉ်ရွက်၊ညောင်ချိုရွက်များစတင်ထွက်ပေါ်လျက်ရှိပါသည်။ဈေးကွက် ဝယ်လိုအားရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သော ညောင်ချဉ်ရွက် ၊ ညောင်ချိုရွက် များကိုခူး၍ ရေနွေးဖျောကာ အပုံလေးများပုံ၍ ရောင်းချကြသလို ပိဿာဖြင့်လည်း ရောင်းချကြကြောင်း ၊ ဖေဖော်ဝါရီလ ဒုတိယပတ် မှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ်ရွက် ၊ ညောင်ချို ရွက်ရောင်းချသူများ နေ့စားအလုပ်သမားများမှ ခူးဆွတ်၍ ရောင်းချခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ် ရွက်၊ညောင်ချိုရွက် အနေတော်(၁)ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရပြီး ပိဿာဈေးအနေဖြင့် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ်အထိ ရောင်းချကြရကြောင်း၊ ညောင်ချဉ်ရွက်၊ ညောင်ချိုရွက်ကို အတို့အမြုပ် အဖြစ်စားသုံးကြသလို၊ ဆီချက်၊ ပဲမှုန့်၊ မြေပဲဆံထောင်း လေးများဖြင့်လည်း လက်သုပ် သုပ်၍စားသုံးကြကြောင်း၊ အညာဒေသ ပေါ်ဦးပေါ်စ ရာသီစာ ညောင်ရွက်သုပ်များကို စားသုံးပေးသင့် ကြောင်းရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)