“ပေါ်ဦးပေါ်စမရမ်းသီးများစျေးကောင်းရ”

Powered by Drupal

          ကျောက်ဆည်မြို့ပေါ်စျေးများအတွင်းရှိ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးများအား အခြားကုန်စိမ်းများနှင့်အတူ တစ်နိုင်တစ်ပိုင်မှာယူရောင်းချပေးရာတွင် စျေးကောင်းရရှိလျှက်ရှိ ကြောင်းသိရှိရပါသည်။ရာသီစာမရမ်းသီများအား တစ်ပိဿာလျှင် လက်ကားစျေးအနေဖြင့် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျှင်(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း၊ ကုန်စိမ်းသည်များအနေဖြင့်လည်း ၁၀ကျပ်သား အထုပ်ကလေးများထုပ်၍ တစ်ထုပ်လျှင် (၃၀၀၀- ၃၅၀၀)ကျပ်ဖြင့် အရောင်းသွက်ကြောင်း ၊ မရမ်းသီးအမှည့်များကို သကြားရေစိမ်၍ စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာအမျိုးမျိုးပြုလုပ်ပြီးစားသုံးကြပါသည် ။ မရမ်းသီးငပိထောင်း၊မရမ်းသီးစိမ်း ငပိချက်အစရှိသဖြင့် အရသာထူးကဲအောင် စားသုံးလေ့ရှိကြပါသည် ။ စျေးကျသည့်အချိန်တွင် မရမ်းသီးအရင့်အမှည့်များအား ဝယ်ယူ၍ခွဲခြမ်းပြီး နေလှမ်းအခြောက်ပြုလုပ်၍ မရမ်းသီးခြောက်များ အားငါး၊ဝက်သားတို့ဖြင့် တွဲဘက်ချက်စားလေ့ရှိပါသည်။မရမ်းသီးသုပ်မှာလည်း ကြားရယုံနဲ့သွာရည် ယိုနိုင်တဲ့အစားအသောက်တစ်မျိုးဖြစ်ပါသည်။ အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးစားသုံးခြင်းဖြင့် အသား အရေလှပစေခြင်း၊အဆီကျခြင်း၊ကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးခြင်း၊မရမ်းသီးများအား အထက်ဖော် ပြပါတွဲဘက်စားသောက်သော အသား၊ငါးများနှင့် တွဲဘက်စားသုံးပါက အသားဓာတ်များပါတိုးပွားနိုင် ကြောင်း၊ကျန်းမာရေးစာစောင်များမှ ဖတ်ရှုသိရှိရပါသည်။အညာဒေသတွင် မရမ်းသီးထောင်းနှင့်ပဲကြီး နှပ်ဖြင့်တွဲဘက်စားသုံးကြပါသည်။ရာသီးစာလည်းဖြစ် ခံတွင်းကိုမြိန်စေသော မရမ်းသီး သီးနှံကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)