
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စက်သုံး ဆီဈေးနှုန်းများမှာ Octane(92)တစ်လီတာလျှင် (၄၀၂၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀၈၀) ကျပ်၊ ပရီမီယမ်ဒီဇယ်(HSD) တစ်လီတာလျှင် (၃၅၉၅)ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာ လျှင်(၄၂၃၀)ကျပ်ဖြင့် ရောင်းချနေကြပြီး ယခင်တစ်ပတ်ဈေနှုန်းများမှာ စက်သုံးဆီ ဈေးနှုန်း များမှာ Octane(92)တစ်လီတာလျှင် (၄၀၄၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၁၂၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(HSD) တစ်လီတာလျှင် (၃၆၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (PD) တစ်လီတာ လျှင်(၄၃၅၀)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်ဈေးနှုန်းများနှင့် ယခုဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၂၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀) ကျပ်၊ ပရီမီယမ် ဒီဇယ် (HSD) တစ်လီတာလျှင် (၈၅)ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာလျှင်(၁၂၀)ကျပ် စီဖြင့် အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။
DOCA(ကယား)