
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးအရှေ့ဘက်ကမ်းရှိ မုံရွာမြို့နယ်သည် အပူပိုင်းအညာဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ဆေးဖတ်ဝင်အပင် တစ်မျိုးဖြစ်သည့် သမားမုန်းသည့် ဆေးဘက်ဝင် သမုန်းဖူး(သမုန်းပွင့်)များဖူးပွင့်လျက်ရှိသည်။ သမုန်းဖူးများအား ခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်များကို ရေနွေးဖြင့်ဖျော၍ ရောင်းချကြသည်။ ယခု တပို့တွဲနှင့် တပေါင်းလများတွင် မြိုင်မြိုင်ထွက်ပေါ် လေ့ရှိသည်။ ရာသီပေါ်သမုန်းဖူးများကို ဆေးဖက်ဝင်သောကြောင့် စားသုံးသူ များ ကြိုက်နှစ်သက်ကြသည်။ သမုန်းပွင့်ပြုတ်ပြီးသားများကို ဈေးထဲတွင် လက်ပုံများပုံ၍ တစ်ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ပိဿာဖြင့် ဝယ်ယူမည်ဆိုပါက သမုန်းဖူး ပြုတ်ပြီးသား (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ရောင်းချသူများမှာ နေ့စား အလုပ်သမားများမှ မိသားစုဝင်ငွေတိုးရန်အတွက် ခူးဆွတ်၍ရောင်းချခြင်းဖြစ်ပါသည်။ ပြုတ်ပြီးသော သမုန်းပွင့်အရွက်နုနုလေးများကို ကတ်ကြေးဖြင့်ညှပ်၍ မြေပဲဆံထောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများဖြင့် ဆီသပ်ပြီး သုပ်၍စားခြင်း၊ ခရမ်းချဉ်သီးငပိချက်နှင့် အတို့အနေဖြင့် လည်းကောင်း တွဲဖက်စားသုံးကြသည်။ ရာသီအလိုက် လအလိုက်ပေါ်သော အညာဒေသ၏ ဆေးဖက်ဝင် ရာသီစာသမုန်းဖူးများကို ဝယ်ယူစားသုံးမှုများကြောင်း မိသားစုအပိုဝင်ငွေရရှိရန် သမုန်းဖူးခူးယူရောင်းချနေသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)