![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/သာယာဝတီ_6.jpg?itok=RYJzEIJe)
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်း စပါး၊ ဆန်ဈေးနှုန်းများအနေဖြင့် မိုးစပါး ဈေးနှုန်းများမှာ ၄၆ပေါင် တင်း (၁၀၀)လျှင် (၇၃၆၀၀၀) ကျပ်ခန့်နှင့် ဈေးငြိမ်နေပြီး မိုးစပါးဆန်ဟောင်း ဈေးနှုန်း မှာ (၁၀၈)ပေါင် တစ်အိတ်လျှင် အနိမ့်ဆုံး(၂၇၀၀၀) ကျပ်မှ (၂၉၀၀၀) ကျပ် ထိရှိကာ ဆန်ဈေးနှုန်း မှာ အတက်အကျ ရှိနေပါသည်။ မိုးစပါးဈေးနှုန်းငြိမ်နေရခြင်းမှာ လက်ကျန်မရှိသလောက် နည်းပါးခြင်းကြောင့်ဖြစ်ပြီး နွေစပါးပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပါသည်။ နွေစပါးဈေးနှုန်းများမှာ မြို့နယ်များတွင် ၄၆ပေါင် တင်း (၁၀၀)လျှင် အနိမ့်ဆုံး(၆၇၁၆၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၆၉၉၂၀၀) ကျပ်ထိရှိကာ စပါး အမျိုးစားအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားသွားကြောင်းနှင့် နွေဆန်ဈေးနှုန်းမှာ (၂၈၀၀၀ မှ ၂၉၀၀၀ ) ကျပ်ခန့်ထိ ဈေးဖွင့်ထားကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)