ကန့်ဘလူမြို့ ဈေးကွက်တွင် ဖြစ်ပေါ်နေသော လိမ္မော်သီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

ရက်စွဲ၊ ၁၄..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀) ရွှေလိမ္မော်သီး ချိန်သား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ကေဘီလိမ္မော်သီး တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီး ဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)