ကန့်ဘလူမြို့ မြို့မဈေးအတွင်း ရောင်းချနေသော ချဉ်ပေါင်ရွက် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

ရက်စွဲ၊ ၁၄..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းလုပ်ကိုင်ကြရာ ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက် ရှိပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌ပထမအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၀၀)ကျပ် ဈေးနှုန်း ဖြင့်‌ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့်  ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့် မည်ဆို ပါက ချည်ပေါင်ရွက်ဈေးနှုန်း တစ်ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်းကန့်ဘလူမြို့ မြို့မဈေး တွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)