မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် နှမ်းဈေးကွက် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

          မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၁.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၇.၅.၂၀၂၂)ရက်နေ့ အတွင်း ပဲနောက်၊ ပဲလွန်းဝါ၊ ကုလားပဲလုံးသေး၊ ပဲကြီးဖြူ၊ ပဲကြီးမဲ၊ ပဲစဉ်းငုံနီ၊ စားတော်ပဲ၊ နှမ်းနက်စမုံ၊ နှမ်းနက်ရိုးရိုး၊ နှမ်းနီတို့သည် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲကြီး(929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ် (၄၄၅၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) (၁၉)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၃၈၀ဝိ/-) ယခုအပတ်(၄၄၂၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ထောပတ်ပဲ (၁၉) ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၄၁၀၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ(၂၀) ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၅၀၀ဝိ/-)ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

            နှမ်းမျိုးစုံအနေဖြင့် နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၅၉၀၀ဝိ/-)  ယခုအပတ်(၆၀၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ်‌ စျေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းညိုကြား(၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၅၂၀၀ဝိ/-)ယခုအပတ်(၅၃၃၃ဝိ/-)ဖြစ်၍ (၁၃၃ဝိ/-)ကျပ် စျေးမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နှမ်းဖြူ (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၆၀၀၀ဝိ/-) ယခုအပတ်(၆၀၇၀ဝိ/-)ဖြစ်၍ (၇၀ဝိ/-)ကျပ် စျေးမြင့်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲတီစိမ်း(၁၀၀.၀၀)တန်၊ ကုလားပဲ (၁၅၀.၀၀)တန်၊ ပဲကြီးဖြူ(၄၅.၀၀)တန်၊ စားတော်ပဲ(၅.၀၀)တန်၊ မတ်ပဲ(၅၀.၀၀)တန်၊ ထောပတ်ပဲ (၁၀၀.၀၀)တန်၊ နှမ်းဖြူ(မကွေး)သည် (၄၀.၀၀)တန်၊ နှမ်းနီ(၁၀.၀၀)တန်၊ နှမ်းနက်(စမုံ) (၃၅.၀၀)တန်၊ နှမ်းနက်ရိုးရိုး(၅.၃၆)တန်၊ နှမ်းညိုကြား (၅.၈၃)တန်တို့ဖြစ်ကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)