
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ကွင်းလယ်စုကျေးရွာနေ ဦးဌေးမြင့်၏ လယ်မြေတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြောင်းသိရပါသည်။ ကနဦးပေါ်စ မတ်ပဲဧက (၃) ဧက စတင်ရိတ်သိမ်းကြောင်း တစ်ဧကလျှင် (၁၃) တင်းခန့် ထွက်ရှိကြောင်း လယ်ပိုင်ရှင် ဦးဌေးမြင့်၏ ပြောကြားချက်အရ သိရသည်။
၁၀.၂.၂၀၂၅ ရက်နေ့ မတ်ပဲဈေးနှုန်းအရ (၁) တင်းလျှင် ၉၄၀၀၀ ကျပ်ခန့် ရောင်းချရကြောင်း သိရှိရပါသည်။ ပဲတီစိမ်း ဈေးနှုန်းမှာ ၁၀၀၀၀၀ ကျပ်နှင့် ၁၂၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)