ရွှေဘိုမြို့ရှိ ဈေးများတွင် ကြက်သွန်နီ(အသစ်)များ ဝင်ရောက်

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန် နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချချကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)အပတ်တွင် ရောင်းချသည့် ကြက်သွန်နီ(အသစ်) ဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသည် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။  

DOCA(စစ်ကိုင်း)