မြင်းခြံမြို့ရှိ ပဲလိပ်ပြာဈေးနှုန်းဈေးကွက်

Powered by Drupal

   ယခုအချိန်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ပဲလိပ်ပြာများ အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း သိရှိရသည်။ ပဲလိပ်ပြာကို ထောပတ်ပဲဟူ၍လည်းကောင်း၊ မောင်မခေါ်ပဲဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကြောင်းနှင့် စားသုံးရာတွင် စားသုံးသူအကြိုက် ပဲနှပ်အဖြစ်လည်းကောင်း၊ ပဲဟင်းအရည် သောက်အဖြစ်လည်းကောင်း နှစ်သက်သလိုချက်ပြုတ်စားသောက်လေ့ရှိကြပြီး   ဆူးပုတ်ရွက်လေး အုပ်ကာ ဆူးပုတ်နံ့မွှေးမွှေးလေးနဲ့လည်း ထမင်းမြိန်စေသော မြန်မာ့ရိုးရာဟင်းလျာတစ်မျိုးဖြစ် ပါသည်။

          မြင်းခြံမြို့တွင် ပဲလိပ်ပြာကို နို့ဆီဘူးဖြင့် ချိန်တွယ်ရောင်းဝယ်လျက်ရှိပြီး နို့ဆီဘူးတစ်ဘူး လျှင် (၈၀၀)ကျပ်၊ (၄)ဘူးလျှင်(၃၀၀၀)ကျပ်၊ တစ်ပြည်လျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချ လျက်ရှိကြောင်းသိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ပဲလိပ်ပြာ များကို မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်များအတွင်းရှိ ကျေးရွာများမှ လာရောက် ရောင်းချကြခြင်းဖြစ်ပြီး ပဲလိပ်ပြာအစိုသည် လူကြိုက်များသော ပဲတစ်မျိုးဖြစ်သည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပဲလိပ်ပြာရောင်းချသူ ဈေးသည်တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။

DOCA(မန္တလေး)