
မန္တလေးမြို့သည်ယခုရက်ပိုင်းအတွင်းနေ့အခါ ရာသီဥပူလာပြီးဥတုရာသီ ပြောင်းလဲလာ တာနှင့်အမျှ အိမ်ရှင်မများ ဘုရားပန်းများ ကြာရှည်မခံသည့်အတွက် မကြာခဏလဲလှယ်ရပါသည် ရာသီဥတုပူပြင်းလာသည့်အခါ ကျောက်ဆည်ခရိုင်အတွင်းမှထွက်ရှိသည့် ရက် ၁၀၀ ခံအောင် သပြေပန်းငုတ်များသည် ကြာရှည်ခံပြီး လှပလန်းဆန်းခြင်းတို့ကြောင့် နေ့စဉ်ရေလဲလှယ်ပေးခြင်း အားဖြင့် ရက် ၁၀၀ ခံသပြေပန်းဆိုသည့်အတိုင်း ကြာရှည်ခံသည့်အတွက်အိမ်ရှင်မများအနေနှင့် ကြိုက်နှစ်သက်ကြပါသည်။ အောင်သပြေငုတ်များ ဈေးနှန်းဈေးကွက်အနေနှင့်တငုတ်လျှင် ၁၅၀၀ကျပ်မှ၂၀၀၀ကျပ်၊ ၁၀၀၀ကျပ်မှ၁၂၀၀ကျပ်၊ ၇၀၀ကျပ်မှ၈၀၀ကျပ်ဈေးနှန်းများနှင့်ငုတ် အရွယ် အစားပေါ်မူတည်၍ ရောင်းချလျှက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းမှ ထွက်ရှိသော အောင်သပြေငုတ်များကို မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိမြို့များကိုပါ ရောင်းဝယ်မှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)