ပဲကြီးအစိုဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ပဲကြီးအစိုများ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပါ သည်။ မန္တလေးတိုင်းဒေသကြီး၌ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်စသည်ဖြင့် သီးနှံ မျိုးစုံ ထွက်ရှိရာဒေသဖြစ်ပါသည်၊၊ ပဲကြီးကို ဧကအလိုက်စိုက်ပျိုးခြင်းများရှိသလို တပိုင်တနိုင် လယ်ကန်သင်းရိုးများတွင်လည်း စိုက်ပျိုးကြသည်။ ကျောက်ဆည်နယ်တွင် စပါးခင်းများ၏ လယ်ကန်သင်းဘောင်ပေါ်တွင် ပဲကြီးကို စိုက်ပျိုးလေ့ရှိသည်။ မတ္တရာနယ်တွင် စပါးစိုက်ခင်းများ၏ လယ်ကန်သင်းဘောင်ပေါ်တွင် ပဲသီးတောင့်ရှည်(ခေါ်)တောင်ထောင်ပဲကို စိုက်ပျိုးလေ့ရှိသည်။ ကျောက်ဆည်၊ မတ္တရာနှင့် စဉ့်ကူးနယ်မှ ပဲကြီးအများဆုံးထွက်ရှိပြီး ပဲကြီးကိုအစိုတိုင်းခူးဆွတ်၍ ရောင်းချခြင်းရှိသလို အသီးခြောက်မှ ယာအားလုံးရိတ်သိမ်းမှုများလည်းရှိပါသည်။ ပဲကြီးအခြောက် ကို အခွံမခွာပဲ ပဲကြီးလှော်ပြုလုပ်၍သော်လည်းကောင်း၊ အခွံနွာ၍ ပဲကြမ်းကြော်ပြုလုပ်၍ သော်လည်းကောင်း ရောင်းချကြသည်။ ယခုအချိန်သည် ပဲကြီးအစိုများ ထွက်ပေါ်ချိန်ဖြစ်၍ ပဲကြီး အခွံညှစ်ပြီးသား နို့ဆီဘူးတစ်ဘူးလျှင်(၁၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ အခွံမညှစ်ရသေးလျှင် နို့ဆီ ဘူးတစ်ဘူး(၁၀၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ယခုရာသီသည် ပဲကြီးနှပ် မရမ်းသီးထောင်းသည် ထမင်းမြိန်စေသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။

DOCA(မန္တလေး)