သခွားမွှေးသီးစျေးနှုန်းစျေးကွက်

Powered by Drupal

           သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်နှင့်ကျောက်ဆည်ခရိုင်မှထွက်ရှိသည့် သခွားမွှေးသီးများစတင်ဝင်ရောက် လျက်ရှိပြီး၊စစ်ကိုင်း တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လည်းဝင်ရောက်ကြောင်း သိရပါတယ်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီး စားသုံး ခြင်းဖြင့်အရေပြားနှင့်အသားအရေကို ကျန်းမာစေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ကိုယ်ခံအား ကောင်းမွန်စေခြင်း၊သွားနှင့် သွားဖုံးကျန်းမာ စေခြင်း၊ သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေး ခြင်း၊သွေးတိုးရောဂါလျော့ချပေးခြင်း၊ ကြွက်သားအားနည်းမှုကိုလျော့ချပေးခြင်း၊မျိုးအောင်မှုကိုအား ကောင်းစေခြင်းနှင့် ဆီးလမ်း ကြောင်း ပိုးဝင်မှုကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင် ကြောင်းသိရပါတယ်။ သခွားမွှေးသီးအား အသီးအတိုင်းစားသုံးခြင်း၊ အခြောက်ခံခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်၍စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအားမန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိသစ်သီးပွဲရုံများ မှဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့  ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဝင်ရောက်လာ သည့် သခွားမွှေးသီး‌စျေးမှာ တစ်လုံး လျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ ကျပ်နှင့်  ၄၀၀၀ ကျပ် စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြား မှုရှိ ကြောင်းသိရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  မန္တလေး သစ်သီးစျေးကွက်တွင် သခွားမွှေးသီးများစတင်ဝင်ရောက်လာပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။သခွားမွှေးသီးမှာ ပြည်တွင်းစားသုံးမှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့်ပြည်ပပို့ကုန် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)