
သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်တို့မှထွက်ရှိသည့်ဖရဲသီးများ ဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသတို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဖရဲသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဖရဲသီးစိုက်ပျိုးမှု (၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးစားသုံးခြင်း ဖြင့် ကျောက်ကပ်ကျန်းမာခြင်း၊နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးပေါင်ချိန်မှန်စေခြင်း၊ အမြင်အာရုံတိုးတက် ကောင်းမွန်ခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာ စေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း၊ ပန်နာရောဂါကိုတိုက်ဖျက်ပေးခြင်း၊ အပူရှပ်ခြင်း ကိုကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်စွမ်းပေးခြင်း၊ အစာခြေမှုကောင်းမွန်စေခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးအားအသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့်စား သောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်း ကြား၊ ၈၄ လမ်းနေရာရှိ သစ်သီး ပွဲရုံများသို့ဝင်ရောက်ကြောင်းသိရပါတယ်။ စျေးချိုရှိသစ်သီး ပွဲရုံများ မှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့ ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဝင်ရောက် လာသည့်ဖရဲသီးစျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ် အစား အလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးသစ်သီး စျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျှက် ရှိကြောင်း သိရပါတယ်။ ဖရဲသီးမှာ ပြည်တွင်းစားသုံးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ပြည်ပပို့ကုန် တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)