မန္တလေးစတော်ဘယ်ရီသီးစျေးကွက်

Powered by Drupal

             ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်သို့  ပြင်ဦးလွင်ဒေသထွက် သီးနှံများ အနက် စတော်ဘယ်ရီသီးများ ဝင်ရောက်မှု များပြားလျက်ရှိကြောင်း  သိရပါတယ်။ စတော်ဘယ်ရီ သီးနှံသည် ပြင်ဦးလွင်ဒေသရဲ့ အဓိကစိုက်ပျိုးတဲ့သီးနှံတစ်မျိုးဖြစ်ပြီး၊  ဒေသမျိုး စတော်ဘယ်ရီသီး (အလုံးသေး)မှာချဉ်သည့် အရသာရှိပြီး၊ စတော်ဘယ်ရီသီး (ထိုင်ဝမ်မျိုး အလုံးကြီး)မှာအကြွပ်သီးအချဉ် အရသာနှင့်စတော်ဘယ်ရီသီး(ဂျပန်မျိုးအလုံးကြီး)မှာ ချိုမွှေး အရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရပါတယ်။မန္တလေးစျေးကွက်အတွင်းသို့  စတော်ဘယ်ရီသီး ဝင်ရောက်မှုမှာ ပြင်ဦးလွင်ဒေသထွက် အသီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတို့မှထွက်ရှိသည့်အသီးများဝင်ရောက်ကြောင်း သိရပါတယ်။   မန္တလေးစျေးကွက် အတွင်းသို့   ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်တွင်    ဒေသသီး(အလုံးသေး) စတော်ဘယ်ရီသီး၊ စတော်ဘယ်ရီထိုင်ဝမ်မျိုး အကြွပ်ချဉ်သီးနှင့် စတော်ဘယ်ရီ ဂျပန်မျိုးချိုမွှေး သီး တို့  အများအပြားဝင်ရောက်လျက်ရှိပါတယ်။   စတော်ဘယ်ရီသီးနှံမှာအရသာရှိပြီး၊     စားကောင်း ရုံသာမက  ကျန်းမာရေးအကျိုးပြုစေတဲ့   ဓါတ်များစွာ ပါဝင်ကြောင်း   သိရပါတယ်။  စတော်ဘယ်ရီ သီးနှံအား သီးနှံအတိုင်းစားသုံးခြင်း၊ ‌ယို၊ ဖျော်ရည်၊ ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ်တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင် ထည့်သွင်းသုံး စွဲ ကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီးနှံကို ဝါးခြင်းတောင်းငယ်များဖြင့် ထည့်၍လည်း ကောင်း၊ ပလပ်စတစ်ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊စက္ကူဂျပ်ဖာများတွင် ထည့်သွင်း ၍ လည်းကောင်း  ပုံစံမျိုးစုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါတယ်။   စတော်ဘယ်ရီသီးနှံမှာဆောင်း နှောင်းရာသီနှင့် နွေဦးရာသီများတွင် ထွက်ရှိသည့် ရာသီစာသီးနှံတစ်မျိုး ဖြစ်ပြီး၊ စားသုံး သူအများ အပြားကြိုက်နှစ်သက်သည့် ကျန်းမာရေးအဟာရပြု သီးနှံတစ်မယ်ဖြစ်ပါတယ်။  ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်သည့်ပေါက်စျေးများအနေဖြင့်  တစ်ပိဿာလျှင်  ထိုင်ဝမ်မျိုးစတော် ဘယ်ရီ  အချဉ်သီး လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊ လက်လီစျေး  ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊   ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီး လက္ကားစျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/-  တို့ ဖြစ်ပြီး၊ ဒေသမျိုးအလုံးသေးစတော်ဘယ်ရီသီး ဝါးခြင်း  ၁၀ ခုလျှင် ၁၃၀၀ဝိ/-နှင့် ၁၅၀၀ဝိ/-စျေး၊လက်လီစျေး ၁၅၀၀ဝိ/- နှင့် ၁၈၀၀ဝိ/- တို့    အသီးသီးဖြစ်ကြောင်း သိရပါတယ်။ ပွင်းလင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း စတော်ဘယ်ရီသီး ဝင်ရောက်မှုများပြီး အရောင်းသွက်သည့်သီးနှံ တစ်မျိုးဖြစ်ကြောင်း    မြင်းတန်းစျေးရှိ   သစ်သီးရောင်းချသည့် ဆိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။    

DOCA(မန္တလေး)