ပူစီနံဈေးကွက်

Powered by Drupal

          ပူစီနံပင်ကို နေရာဒေသမရွေး စိုက်ပျိုး၍ရနိုင်ပါသည်။ မြေအိုး၊ ပန်းအိုး၊ ပလတ်စတစ်ဘူးခွံ များတွင် မြေဆွေး၊ နွားချေးထည့်၍လည်း တပိုင်တနိုင်စိုက်ပျိုး၍ ရပါသည်။ အချို့က စိုက်ခင်း အဖြစ် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပူစီနံပင်ကို ရေမပြတ်လောင်းပေးနိုင်က တစ်နှစ်ပတ်လုံး စားသုံးနိုင်ပါသည်။ ဆောင်းတွင်းကာလတွင် ဖြစ်ထွန်းမှုနည်းပြီး နွေရာသီနှင့် မိုးရာသီတွင် ပိုမိုဖြစ် ထွန်းပါသည်။ ပူစီနံပင်သည် ခဏခဏခူးယူရောင်းချရသော အပင်မျိုးဖြစ်၍ ခူးယူလေအတက်ထွက် လေဖြစ်သည်။ ပူစီနံပင်သည် အတို့မြှတ်လုပ်၍သော်လည်းကောင်း၊ အသုပ်သုပ်ရာတွင်သော် လည်းကောင်း အသုံးပြုကြသည်။ ဒံပေါက်၊ ကြက်ဆီထမင်း၊ ထောပတ်ထမင်း၊ စမူဆာတို့နှင့် တွဲဖက်၍လည်း အအီအနောက်ပြေစေရန် စားသုံးကြသည်။ ပူစီနံပင်သည် ကျန်းမားရေးအတွက် အထောက်အကူပြုသော အပင်တစ်မျိုးဖြစ်သည်။ ပူစီနံသတ္တုရေကို သောက်သုံးခြင်းဖြင့် နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်စေပြီး အဆီလည်းကျစေပါသည်။ ပူစီနံကိုစားသုံးခြင်းဖြင့် ခံတွင်းကိုရှင်းစေပြီး အစာမာစားတာများလျှင် အစာကြေစေပြီး အစာကြေစေပါသည်။ ပူစီနံ၏ ပူရှိန်းသောဓါတ်ကြောင့် လည်ချောင်းကိုရှင်းစေပြီး အသက်ရှင်လမ်းကြောင်း ကောင်းမွန်သောကြောင့် ချောင်းဆိုး၊ ပန်းနာ ရင်ကြပ်ပျောက်စေပါသည်။ ပူစီနံရွက်သည် အနံ့ပြင်းပြင်းအရသာနှင့် မွှေးကြိုင်ပါသည်။ ဈေးကွက်တွင် အမြဲရှိပြီး နေ့စဉ်ရောင်းချရသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ စိုက်ပျိုးသူများမှာလည်း ကုန်ကျ စရိတ်သက်သာဆုံးဖြင့် ဝင်ငွေများစွာရရှိနိုင်ပါသည်။ ဈေးကွက်အတွင်း၌ (၁၀)ပင်တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)