
မုံရွာဒေသထွက် သခွားမွေးသီးများကို မုံရွာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မုံရွာမြို့တွင် ဖြစ်ပေါ်နေသောသခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀မှ ၅၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၅၀၀မှ ၃၀၀၀) အလုံးသေးတစ်လုံးလျှင် (၈၀၀၊ ၁၀၀၀) ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။ သခွားမွေးသီးများ အထွက်နှုန်း ကောင်း၍ ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)