ရာသီစာ မရမ်းသီးနု ဈေးနှုန်းဈေးကွက်

Powered by Drupal

ရာသီစာ မရမ်းသီးနုများ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ၂၀၂၅ခု ဖေဖေါ်ရီလပထမ ပတ်မှစတင်၍ ဝင်ရောက်လာရာ မရမ်းသီးနု တစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀၀) နှင့် လက်လီ ၁၀ကျပ်သားလျှင် ငွေကျပ် (၃၅၀၀)နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခုနှစ်တွင် ဒေသတွင်း မရမ်းသီးထွက်ရှိချိန် နောက်ကျသည့်အတွက် ရန်ကုန် ကုန်စိမ်းဒိုင်များမှ  ဝယ်ယူရောင်းချ ကြောင်းသိရသည်။ ဒေသခံများမှ အများအားဖြင့် ဒေသမရမ်းမျိုးများကို စိုက်ပျိုးကြပြီး မရမ်းသီး (အကင်း)များကိုအများအားဖြင့်  အချဉ်ပင်မှခူး၍ ရောင်းကြသည်။

ရာသီချိန်မှသာ စားသုံးရသော ပေါ်ဦးပေါ်ဖျား မရမ်းသီးနုများကို သုပ်စားခြင်း၊ ထောင်းစား ခြင်း၊ မရမ်သီး ငပိကြော်၊ မရမ်းသီးငပိချက်စသည်ဖြင့် ပြုလုပ်စားကြပါသည်။ မရမ်းသီးကို စားသုံးသူများက မရမ်းသီးကို အနု(အကင်း)မှစ၍ ရင့်မှည့်သည့်အချိန်အထိ အမျိုးမျိုး ပြုပြင်စီမံ စားသုံးလေ့ရှိသည့်အတွက်  ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

DOCA(ပဲခူး)