
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်းဦးသိန်းထွန်း ၊ယာဉ်အမှတ် 4A-7389/ Nissan Diesel မော်တော်ယာဥ်နှင့် အလားတူ (၀၉း၀၀) နာရီအချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၀)ပေပါကို ယာဥ်မောင်း ဦးထွန်းထွန်းမြင့် ယာဉ်အမှတ် 1I-6178/ FUSO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိ လာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်တာဝန်ရှိ သူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၂၀) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)