
တနင်္သာရီတိုင်းဒေသကြီးအတွင်း စားသုံးရန်လိုအပ်လျက်ရှိသော စားဖိုဆောင်သုံးသီးနှံများကို မြန်မာနိုင်ငံအနှံ့အပြားမှ မှာယူတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ကော်ဖီထုပ်၊ ပန်းကော်ဖီနှင့် မန်ကျည်းသီးများ ဝင်ရောက်လျက်ရှိပါသည်။
ယခုအပတ်တွင် ကော်ဖီထုပ်(၁)လုံး ၁၀၀ဝိ/-ခန့်မှ ၂၀၀ဝိ/-ခန့်အထိ လက်ကား ဈေးနှုန်း များဖြစ်ပေါ် လျက်ရှိပြီး နေပြည်တော် တပ်ကုန်းမှ ထားဝယ်မြို့သို့အများဆုံး တိုက်ရိုက်တင်သွင်း လျက်ရှိရာ တစ်ရက်လျှင် အနည်းဆုံး(၆)ဘီးကား(၃)စီးခန့် ဝင်ရောက်လျက်ရှိပြီး ကော်ဖီထုပ်များမှာ ကားတစ်စီးလျှင် အလုံးရေ (၈၀၀)ကျော် ပါရှိသည်။ ကားတစ်စီးတွင် ကော်ဖီထုပ်များအပြင် ပန်းကော်ဖီ၊ မန်ကျည်းသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် မုန်ညှင်းထုပ်များလည်းပါရှိပါသည်။
နေပြည်တော် တပ်ကုန်းမြို့မှ ထားဝယ်မြို့သို့ (၆)ဘီးကားတစ်စီးလျှင် တစ်ခေါက်အတွက် ငှါးရမ်းခ (၂၅)သိန်းခန့် ကုန်ကျစရိတ်ပေးချေရကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)