
ခေါင်းလောင်းပုံသဏ္ဍာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြသည်။ နှင်းသီးဟုဆိုသော်လည်း နှင်းကျသောဆောင်းရာသီတွင်သာ အသီးသီးခြင်းမဟုတ်ဘဲ ဆောင်အကုန်နွေအကူးနှင့် မိုးဦးကျချိန်တို့တွင်လည်း သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည်။ နှင်းသီးသည် ချိုမြမြအရသာရှိသည်။ အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေသည်။ စျေးနှုန်းသက်သာသဖြင့် နှင်းသီးပေါ်ချိန်ရောက်သောအခါ လူအများစုက ပန်းသီးအစားနှင်းသီးကိုသာ ရွေးချယ်စားကြသည်။ အခွံရဲရဲနီလေ ပိုချိုလေ ဖြစ်သည်။ အပေါ်ယံအခွံမာတင်းနေသော အသီးများက လတ်ဆတ်မှုရှိသဖြင့် အရည်ပိုရွမ်းသည်။ နှင်းသီးကို ပြည်တွင်း၌ သရေစာသစ်သီးအဖြစ် စားသုံးလေ့ရှိကြပြီး တခြားနိုင်ငံများ၌ နှင်းသီးကို အ ချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ်စားသုံးကြသည်။ ထားဝယ်ဒေသတွင် နှင်းသီးကို ဘုပျိုသီးဟု လည်းခေါ်ကြသည်။ ထားဝယ်မြို့နယ် သပြေချောင်းစျေးတွင် နှင်းသီးကို (၁၅)လုံးလျှင် (၁၀၀၀/-) ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)