စောင်းလျားသီးစျေးနှုန်း/ စျေးကွက်

Powered by Drupal

            မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရာသီဥတု၊ ရေမြေသဘာဝနှင့် ကိုက်ညီကောင်းမွန်ပြီး စျေးကွက်အတွင်းရောင်းချနိုင်သော သစ်သီးဝလံများကို ဒေသအလိုက် စိုက်ပျိုးကြခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်။ သစ်သီးဝလံများကို လူအများအပြားစားသုံးကြခြင်းမှာလည်း ဓလေ့တစ်ခုပင်ဖြစ်နေပါသည်။ အဓိကစားသုံးသည့် သစ်သီးဝလံများထဲတွင် စောင်းလျားသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ စောင်းလျားသီးပင်သည် နေရာဒေသမရွေး၊ မြေအမျိုးအစားမ‌ရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ အထူးသဖြင့် မြေသြဇာကောင်းမွန်သော နုန်းမြေများတွင် အပင်ပိုမိုကြီးထွားပါသည်။ စောင်းလျားသီးသည် မမှည့်သေးခင်တွင် အစိမ်းရောင်ရှိပြီး ချဥ်ဖန်ဖန်အရသာရှိပါသည်။ အသီးများမှည့်လာလျှင် အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါသည်။ အရသာမှာ ချဥ်သောအရသာနှင့် ချိုသောအရသာဟူ၍ (၂)မျိုးရှိပါသည်။ စောင်းလျားပင်များကို  ထားဝယ်မြို့နယ်တဝိုက်ရှိ ကျေးလက်ဒေသများတွင် အိမ်ခြံမြေများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

              ထားဝယ်စျေးကွက်တွင် စောင်းလျားသီး ကြီးကြီးလှလှ (၆)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)