တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကြံ ဈေးနှုန်း

Powered by Drupal

            ကြံတစ်ကြိမ်စိုက်လျှင် (၄)နှစ်အထိထား၍ ပထမနှစ်(ခင်းသစ်)၊ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)နှင့် စတုတ္ထနှစ် (ခင်းဟောင်း) ဟူ၍ ခုတ်သိမ်းရကြောင်း သိရှိရပါသည်။ ပထမနှစ် စစိုက်စိုက်ချင်း(ခင်းသစ်)ကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြ၍ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)၊ စတုတ္ထနှစ် (ခင်းဟောင်း)များကိုတော့ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ စိုက်ခင်းမြေပြုပြင်ခြင်းကိုသာ လုပ်ဆောင်ကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချကြကြောင်း သိရှိရပါသည်။

              တနင်္သာရီတိုင်းဒေသကြီး ကြံစိုက်တောင်သူများအနေဖြင့် ကြံဝယ်ယူသူများနှစ်ဉီးနှစ်ဖက် မနစ်နာသောဈေးနှုန်းတစ်ခုဖြင့် ရောင်းဝယ်ကြပါက  အကျိုးအမြတ်ရရှိပြီး  ကြံတစ်ချောင်းလျှင် (၂၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်း ကြံစိုက်တောင်သူများထံမှသိရှိရပါသည်။

(DOCA)တနင်္သာရီ