တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ရှိ ပျားရည်ဈေးနှုန်းမြင့်တက်

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သည် သဘာဝပေါက်ပင်နှင့် တောတောင်များပေါများသဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ လယ်ယာလုပ်ငန်းများအပြင် သဘာဝပျားရည်ဖွတ် သည့်လုပ်ငန်းများကိုလည်း ရာသီအလိုက်လုပ်ကိုင်ဆောင်ရွက်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေကို ရှာဖွေပေးလျက်ရှိကြောင်း သိရပါသည်။

             ပျားရည်တွင် သဘာဝပျားရည်နှင့်မွေးမြူရေးပျားရည်ဟူ၍ (၂)မျိုးရှိပါသည်။ သဘာဝပျားရည်သည် မွေးမြူရေးပျားရည်ထက် ဆေးဖက်ပိုဝင်၍ လူသုံးများပြီး ဈေးနှုန်းမှာလည်း မွေးမြူရေး ပျားရည်ထက် ပိုများကြောင်းသိရပါသည်။ ထားဝယ်မြို့နယ်ရှိ သဘာဝပျားရည်ရောင်းချသူများသည် ပျားမုဆိုးများထံမှ ပျားရည်ဘို့များအတိုင်း ဝယ်ယူကြပြီး ပုလင်းများဖြင့်ထည့်ကာရောင်းချကြပါသည်။ ဆေးအဖြစ် သုံးစွဲရန် ဝယ်ယူသူများအနေဖြင့် နှစ်စဉ် မိုးအကုန်ဆောင်းအကူး ပန်းပေါင်းစုံပွင့်သော တန်ဆောင်မုန်းလတွင်ရရှိသော ပျားရည်များကို အများဆုံး ဝယ်ယူလေ့ရှိကြပြီး၊ ထိုအချိန်တွင် ရရှိသောပျားရည်များသည် ဆေးဖက်ပိုဝင်ကြောင်း သိရပါသည်။ ရောင်းဝယ်မှုအနေဖြင့် မြို့နယ်တွင်း သာမက အခြားဒေသများမှလည်း မှာယူ၍ ဝယ်ယူသုံးစွဲကြကြောင်း သိရပါသည်။

            ထားဝယ်မြို့နယ် ဒေသထွက် သဘာဝပျားရည်ဈေးအနေဖြင့် တစ်ပုလင်းလျှင် (၃၀၀၀၀) ခန့်ရှိကြောင်း ပျားရည်ရောင်းချသူတစ်ဦး ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)