တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဂန္ဓမာပန်းဈေးနှုန်း

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်လျှက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း မျိုးစေ့အများအပြားရှိသည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျက်ရှိပြီး ဂန္ဓမာပန်းစိုက် တောင်သူများအနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

            ပန်းစိုက်ပျိုးရေးလုပ်ငန်းသည် အခြားစိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧကများစွာ မလိုအပ်သည့်အပြင် မိမိတို့၏ ခြံဝန်း၊ လယ်ယာမြေအနည်းငယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ပြီး ဈေးကွက်အနေဖြင့် မိမိဒေသတွင်းနှင့် နီးစပ်ရာဒေသများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်းတစ်စည်း၏ ဈေးနှုန်းမှာ   (၅၀၀၀ မှ ၅၅၀၀)ကျပ် ရရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)