ထားဝယ်မြို့ ပေါ်ရှိ ငှက်ပျောသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

            ငှက်ပျောသီးကို မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ကျင်းပကြသည့် အလှူမင်္ဂလာပွဲများ ဘာသာရေးပွဲများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပွဲများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ ငှက်ပျောသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီးအဟာရပြည့်ဝသည့်အတွက် မြန်မာလူမျိုးများနှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ ငှက်ပျောကို အိမ်ခြံစည်းရိုးများနှင့် လယ်ကန်သင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ်စိုက်ခင်းအဖြစ်လည်း စိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။   

            လက်ရှိ ထားဝယ် ငှက်ပျောဈေးကွက်၌ ငှက်ပျောဖီးကြမ်းတစ်ဖီးလျှင် အကြီးအသေးပေါ် မူတည်၍ (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ဖြင့်လည်းကောင်း သီးမွှေးငှက်ပျောတစ်ဖီးလျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀) ကျပ် ဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိပြီး ငှက်ပျောစိုက်တောင်သူများအနေဖြင် တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)