
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ထန်းသီးနုများ စတင်ပေါ်လာပြီဖြစ်ရာ ဈေးကောင်းရရှိလျက်ရှိကြောင်း ထန်းသီးရောင်းချနေသူများထံမှ သိရှိရပါသည်။ ထန်းသီးတစ်လုံး လျှင်(၅၀၀ကျပ်မှ၇၀၀ကျပ်အထိ) ထန်းသီးအလုံးအကြီး/ အသေးမျှပြီး အခိုင်လိုက်ဈေးပေး၍ ရောင်းရကြောင်း၊ ထန်းပင်သည် နှစ်ပေါင်း(၁၀၀)ခန့်အသက်ရှည်ပြီး မည်သည့် ကုန်ကျစရိတ်မျှမလိုအပ်ပဲ သဘာဝရေအရင်းအမြစ် ထိန်းသိမ်းထားပေးသော သဘာဝရေစုပ်စက်ကြီးဖြစ်ပြီး ထန်းပင်မှ ထန်းရည်၊ ထန်းလျက်၊ ထန်းမြစ်၊ ထန်းရွက်သက်ကယ်နှင့် ပရိဘောဂများ (ကုလားထိုင်၊ စားပွဲ) အစရှိသဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)