ထားဝယ်ဘူးညွန့်စျေးကောင်းရ

Powered by Drupal

               ယခုဖေဖော်ဝါရီလ တတိယပတ်တွင် ထားဝယ်မြို့စျေးကွက်အတွင်း ဘူးညွန့်များ စျေးကောင်းရလျက်ရှိပြီး ဘူးပင်မှဘူးသီးများသီးနိုင်ရန်အတွက် ဘူးညွန့်ခေါင်းကို ဖြတ်ပေးရသဖြင့် အလကားမဖြစ်တော့ပဲ ယခုအချိန်တွင် နေ့စဥ်ဘူးညွန့်များခူးပြီး ရောင်းချရသောကြောင့် မီးဖိုဆောင် အသုံးစရိတ်အဖြစ်ဝင်ငွေရရှိနေကြပါသည်။ စျေးကွက်အတွင်း ဘူးညွန့်၅ညွန့် တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် ရောင်းချလျက်ရှိပြီး မိုးရာသီလှိုင်လှိုင်ပေါ်ချိန်တွင် တစ်စီးလျှင် ကျပ် (၃၀၀) နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)