အောင်လံကုန်စည်ဒိုင်၏ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် နှမ်းသီးနှံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများနှင့် သရက်မြို့နယ်အတွင်းရှိ ကျေးရွာများတို့မှ ထွက်ရှိသည့် နှမ်းသီးနှံများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းနက်(စမုံ) ဈေးနှုန်းဈေးကွက်အနေဖြင့် အရည်အသွေးစံချိန် စံညွှန်းပြည့်မီသည့် ထိပ်စသီးနှံများကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၁၁၅၀၀ မှ ၂၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ် (၂၁၃၀၀၀ မှ ၂၂၁၅၀၀)ဈေးနှုန်းရှိခဲ့၍ ယခုဒုတိယပတ်တွင် ယခင်ပတ်ထက် (၁)တင်းလျှင် ကျပ်(၁၅၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

             အရည်အသွေးနိမ့်သည့် (သန့်စင်ရန်လို)သီးနှံများကို ဖေ‌ဖော်ဝါရီလ(ပထမပတ်)တွင် (၁)တင်း လျှင် ကျပ်(၂၀၆၅၀၀ မှ၂၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၈၃၀၀ မှ၂၁၁၅၀၀)ဈေးနှုန်းရှိခဲ့၍ ယခု ဒုတိယပတ်တွင် ယခင်ပတ်ထက် (၁)တင်းလျှင် ကျပ် (၁၅၀၀ မှ၁၈၀၀)ထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

         အရောင်းအဝယ်ပမာဏအနေဖြင့် ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် နှမ်းနက်စမုံ စုစုပေါင်း တင်းရေ(၁၀၈၀)တင်း၊ တန်ချိန်(၂၆.၄၅)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

           နှမ်းနီ၏ ဈေးနှုန်းဈေးကွက်အခြေအနေမှာ အများအားဖြင့် အောင်လံမြို့အတွင်းရှိ ဆီကြိတ်ခွဲ စက်ရုံများမှ ဝယ်ယူလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ(ပထမပတ်)မှ(ဒုတိယပတ်)အထိ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (ဒုတိယပတ်) တွင် တင်းရေ(၂၁၀၀)တင်း၊ တန်ချိန်(၅၁.၄၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

            နှမ်းဖြူကို သီးနှံအရည်အသွေးအလိုက် ယခင်ဖေဖော်ဝါရီလ(ပထမပတ်) မှ (ဒုတိယပတ်) အထိ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၁၅၀၀)၊ အမြင့်ဈေး ကျပ်(၁၁၃၃၀၀) ဈေးနှုန်းဖြင့် ပြောင်းလဲ မှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (ဒုတိယပတ်)တွင် တင်းရေ(၂၇၀)တင်း၊  တန်ချိန်(၆.၆၁၃)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

             အောင်လံကုန်စည်ဒိုင်အနေဖြင့် နှမ်းသီးနှံကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် တင်းရေ (၃၄၅၀)တင်း၊ တန်ချိန်(၈၄.၅)တန်ခန့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့တင်ပို့ ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)