
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ ခရမ်းသီးများကို ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်းကျေးရွာများတွင် သီးညှပ် စိုက်ပျိုးခြင်းအပြင် မြစ်ခြေ၊ ကမ္မမြို့တို့တွင် အဓိကစိုက်ပျိုးကြကြောင်း သိရသည်။ ဒေသထွက် ခရမ်းသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူကုန်စိမ်းသီးနှံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး နေ့စဉ် ကုန်ချိန်ပိဿာ(၅၀၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ခရမ်းသီးအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကျွန်းခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၅၀၀)ဈေးရှိခဲ့ပြီး မြစ်ခြေ၊ ကမ္မဒေသထွက် ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၁၀၀၀ - ၉၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၃၀၀ မှ ၂၀၀၀)ဖြစ်ပြီး ယခင်ယခုတစ်ပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပတ် အတွင်း ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၃၀၀)ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ဒေသထွက်ခရမ်းသီးများ ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)