ဘူးညွှန့်နှင့်ဘူးသီးများ၏ ဈေးနှုန်း

Powered by Drupal

  ဘူးပင်ကို နေရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်ချို့ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြသည်။ ဘူးပင်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း အသင့်အတင့်ခံနိုင်ရည်ရှိသော အပင်တစ်မျိုးဖြစ်သည်။ ဘူးပင်သည် အစိမ်းရောင် နွယ်ပင်ဖြစ်ပြီး အပွင့်မှာ အဖြူရောင်ဖြစ်၍ အသီးအရောင်မှာ အစိမ်းရောင်အနု၊ အစိမ်းရောင်အရင့် နှင့်အဖြူရောင် အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။ ဘူးပင်သည် နွယ်ပင်ဖြစ်သောကြောင့် စင်ခံပြီး စိုက်ပျိုးခြင်း၊ အကိုင်းအခက်များကိုဖြတ်တောက်ပေးခြင်းဖြင့် အညွှန့်များဖြာထွက်လာပြီး အပင်များ ကြီးထွားလာကာ အရွက်များစိမ်းစိုလာပြီး အသီးများကောင်းမွန်စွာ ပိုမိုသီးကြောင်း သိရှိရပါသည်။ ဘူးပင်များမှာ ဘူးသီးပုံသဏ္ဍာန် အမျိုးမျိုးသီးလေ့ရှိကြသည်။ ဘူးသီးပုံသဏ္ဍာန်များမှာ  ဘူးသပိတ်၊ ဘူးလယ်လှ၊ ဘူးစက၊ ဘူးရှည်၊ ဘူးရေမှုတ် စသဖြင့် အမျိုးမျိုးရှိကြပြီး ဘူးလယ်လှ ဘူးသီးမှာ လည်းပင်ရှည်၍လှခြင်းကြောင့် ဘူးသီးကိုရင့်မာအောင်ထားရှိပြီး အစေ့ကိုထုတ်ယူ၍ စိုက်ပျိုးကြပြီး၊ ရှေးတောင်သူကြီးများက ဘူးရေမှုတ်ကို အလျားလိုက် အလယ်မှခွဲပြီးလျင် ရေခတ်ရန် ရေမှုတ်များပြုလုပ်လေ့ရှိကြောင်းသိရှိရပါသည်။ ဘူးပင်သည် စီးပွားဖြစ်စိုက်ပျိုးခြင်းသာမက ကျန်းမာရေးနှင့်မီးဖိုချောင်ဟင်းအဖြစ်လည်း အသုံးပြုကြသည်။ ဘူးပင်၏အညွှန့် နှင့်ဘူးသီးတို့တွင် ရေဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သံဓာတ်၊

ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနစ့်၊ မဂ္ဂနီစီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်းဓာတ်များ ပါဝင်ကြောင်းသိရှိရပါသည်။ ဘူးညွှန့်နှင့် ဘူးသီးများသည် အိမ်ရှင်မများအတွက် မီးဖိုချောင်ဟင်း တစ်ခွက်ဖြစ်ပြီး ဘူးညွှန့်ကို ချဉ်ချဉ်စပ်စပ်ကြော်ချက်ခြင်း၊ မြေပဲဖြင့်သုပ်ခြင်းနှင့် အရည်သောက် ဟင်းချိုချက်ခြင်း အစရှိသဖြင့် ချက်ပြုတ်စားသောက်ကြပြီး ဘူးသီးကို  အချဉ်ရည်ဟင်းချက်ခြင်း၊ အချိုချက်ခြင်း၊ ဘူးသီးပြုတ်ပြီးတို့စရာလုပ်စားခြင်း၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်ခြင်း၊ ဘူးသီးကိုကြက်သားနဲ့ကြက်ကာလသားဟင်းချက်ခြင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိကြသည်။ အကြော်ဆိုင်များတွင် ဘူးသီးကို မုန့်နှစ်လေးနဲ့ကြော်ပြီး ရောင်းချသောကြောင့် ဝယ်ယူသူများပြီး အပိုဝင်ငွေတိုးစေကြောင်းသိရှိရပါသည်။ ဘူးညွှန့်နှင့်ဘူးသီးများကို အမျိုးမျိုးချက်ပြုတ်စားသောက်                                                                                                                                                                                                 

နိုင်ခြင်း၊ ကျန်းမားအတွက် အထောက်အကူပြုခြင်းတို့ဖြင့် အချို့စီးပွားဖြစ်စိုက်ပျိုးကြပြီး ကျေးရွာ အချို့တွင် ဘူးပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ စားသောက်ခြင်းကြောင့် မီးဖိုချောင်းစရိတ်လည်း ကာမိကြောင်းသိရှိရပါသည်။ ဘူးညွှန့်နှင့်ဘူးသီးများကို ဈေးထဲတွင် ရာသီမရွေးဝယ်ယူရရှိပြီး မန္တလေးမြို့ပေါ်ရှိ ဈေးကွက်ထဲတွင်  ရောင်းချသော ဈေးနှုန်းများမှ ဘူးသီးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား၍ ရောင်းလေ့ရှိကြသည်။ ဘူးသီးအလုံးကြီး ဈေးနှုန်း (20၀၀)ကျပ်၊ ဘူးသီးအလုံး အလတ်(10၀၀)ကျပ်၊ ဘူးသီးအလုံးအသေး(5၀၀)ကျပ်နှင့် ဘူးညွှန့်ဈေးနှုန်း ၃ညွှန့်ပါ ၁စည်းကို (၂၀၀)ကျပ်၊ ၃စည်း (၅၀၀)ကျပ်ဖြင့် ရောင်းချလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)