အရောင်းသွက်သည့်စပျစ်သီးစျေးကွက်

Powered by Drupal

           ဖေဖော်ဝါရီလတတိယပတ်တွင်မန္တလေးစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်း ခရိုင်မှထွက်ရှိသည့်စပျစ်သီးများ စတင်ဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှလည်းဝင် ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုး လျက်ရှိပြီး၊ အီတလီ No(3)BQBKRG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း  သိရပါတယ်။ စပျစ်သီးစားသုံးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ သက်သာစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်‌ခြေလျော့ချပေးခြင်း၊ ခေါင်းကိုက်ခြင်းသက်သာစေခြင်း၊ ဝမ်းမှန်စေခြင်း၊အစာကြေညက်စေခြင်း၊ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း၊ ကျောက်ကပ်ရောဂါ သက်သာစေခြင်း၊ ရင်းသားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ ဦးနှောက်ကျန်းမာရေးနှင့် အာရုံကြောထိခိုက်မှုဆိုင်ရာရောဂါများ သက်သာစေခြင်းနှင့် မျက်စိကိုကျန်းမာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ စပျစ်သီးအား အသီးအတိုင်းစားသုံးခြင်း၊ အခြောက်ခံခြင်း၊ ယိုထိုးခြင်း၊ဝိုင်၊ ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် စပျစ်သီးခြောက်များထည့် ၍ စားသောက်ကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက် လာသည့် သစ်သီးများအား မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာ ရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။စျေးချိုရှိသစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ် ရှိစျေးငယ်များနှင့်အခြားဒေသများသို့  ပြန်လည်ရောင်းချလျက်ရှိ ကြောင်းသိရပါတယ်။ မန္တလေး စျေးကွက်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဝင်ရောက်လာသည့် စပျစ်သီး‌ စျေးမှာ  တစ်ပိဿာလျှင်စပျစ်သီး အလုံးဝိုင်း(ကြီး) ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊စပျစ်သီး အချွန်မျိုး ၁၁၀၀ဝ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ စပျစ်သီး(လုံးသေး) ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်စျေး ဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်း ရာသီ ရောက်လာပြီဖြစ်၍ ဖေဖော်ဝါရီလတတိယပတ်အတွင်း  မန္တလေးသစ်သီးစျေးကွက်တွင် စပျစ်သီးများ အရောင်းသွက်လျှက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)