
ဖေဖော်ဝါရီလတတိယပတ်တွင်စျေးကွက်အတွင်းသို့ငှက်ပျောသီးဝင်ရောက်မှုမှာ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူတိုင်းဒေသကြီးတို့မှ အဝင်များပြီး၊ ကျန်ဒေသများ မှလည်း ဝင်ရောက်ကြောင်း သိရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးသီးနှံအများ အပြား စိုက်ပျိုး လျက်ရှိပြီး၊ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါတယ်။ငှက်ပျောသီးကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့်စားသောက်ကုန်တို့ တွင် ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့် မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲကြောင်း သိရပါတယ်။ မတ္တရာမြို့နယ်ထွက်သည့်ငှက်ပျောသီးမှာ အခွံထူပြီး၊ အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်းနှင့်ကျောက်ဆည်မှထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါ တယ်။ ဖီးကြမ်း၊သီးမွှေးနှင့် ရခိုင် ငှက်ပျော သီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှု များပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့်ငှက်ပျောခိုင်အရေအတွက် အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း စျေးကွက်အတွင်း ရောင်းချသည့် ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျင်ဖီးကြမ်း(အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- စျေး၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-စျေး၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-စျေး၊ရခိုင်ငှက်ပျောသီးနှင့်ငှက်ပျောချဉ်သီးမှာ၁၅၀ဝ/-နှင့်၂၀၀ဝိ/-စျေး၊ရွှေနီငှက် ပျောသီး (တောင်ငူသီး)မှာ၅၀၀ဝိ/-နှင့်၈၀၀ဝိ/-စျေး၊ ကန်တော့ပွဲတစ်ပွဲလျှင် ငှက်ပျောသီးဖီးအရေတွက် အလိုက် စျေးကွာခြားမှုရှိပြီး၊ တစ်ပွဲလျှင် ၁၅၀၀ဝိ/- မှ ၂၅၀၀ဝိ/-ဖြစ်ပေါ်လျက်ရှိပြီး၊ လတ်ဆပ်မှု နှင့် အလုံးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွားခြားမှုရှိကြောင်း သိရပါတယ်။ မိုးရာသီနှင့် နွေရာသီထွက် ငှက်ပျောသီးမှာ အလုံးပို၍ လှပပြီး၊ ဆောင်းရာသီထွက် ငှက်ပျောသီးမှာ အလုံး လှပမှုနည်းကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဒေသအသီး သီးမှ အသီးမျိုးစုံဝင်ရောက်မှုများပြီး၊ မန္တလေးစျေးကွက်အတွင်း ပွင့်လင်းရာ သီစာသီးနှံ ငှက်ပျော သီးမှာ အရောင်းသွက်သည့်သီးနှံဖြစ် ကြောင်း သိရပါတယ်။
DOCA(မန္တလေး)