စတော်ဘယ်ရီဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက်ကုန်တခုဖြစ်သည့် စတော်ဘယ်ရီသီး များဝင်ရောက်လျှက်ရှိပါသည်။ စတော်ဘယ်ရီသီးနှံသည် ပြင်ဦးလွင်ဒေသရဲ့ အဓိကစိုက်ပျိုး ထုတ်လုပ်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ဒေသမျိုး(အလုံးသေး)မှာ ချဉ်သည့်အရသာရှိပြီး ထိုင်ဝမ်မျိုး (လုံးကြီး)မှာအကြွပ်သီးအချိုနှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိပါသည်။ မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းဈေးကွက်အနေနှင့် ဒေသသီး လုံးသေး  ဝါးခြင်း၁ခြင်းလျှင် ၁၅၀၀ကျပ်မှ၂၀၀၀ကျပ်၊ ထိုင်ဝမ်(အချဉ်သီး) ၁ပိသာလျှင် ၁၀၀၀၀ကျပ်မှ၁၂၀၀၀ကျပ်၊ ထိုင်ဝမ်(အကြွပ်သီး)၁ပိသာလျှင် ၁၅၀၀၀ကျပ်၊၁၈၀၀၀ကျပ် ရောင်းဝယ်မှုရှိပြီး စားသုံးသူများအနေနှင့် ဒေသမျိုးလုံးသေးကို ဖျော်ရည်လုပ်၍ စားသုံးမှုကိုကြိုက်နှစ်သက်ကြပြီး ထိုင်ဝမ်သီး(အကြွပ်သီး)ကို အလုံးလိုက် စားသုံးရသည်ကို ကြိုက်နှစ်သက်ကြပါသည်။ အအေးဆိုင်များအနေနှင့် စတော်ဘယ်ရီဖျော်ရည် ကိုထိုင်ဝမ်သီး(အချဉ်သီး)နှင့်ဒေသသီးများနှင့်ဖျော်၍ ရောင်းချမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)